Announcements

မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ စိုက်ပျိုးရေးစားသောက်ကုန်ပစ္စည်းများ တင်သွင်းသည့်ကိစ္စနှင့်စပ်လျဉ်း ၍ GACC မှ အကြောင်းကြားလာခြင်း

Last Updated:

မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ စိုက်ပျိုးရေးစားသောက်ကုန်များ တင်သွင်းသည့် ကုမ္ပဏီများအနေဖြင့် မှတ်ပုံတင်ခြင်းအား ပြင်ဆင် ထားခြင်းနှင့်စပ်လျဉ်း၍ တရုတ်နိုင်ငံ၊အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့(GACC) အောက်ရှိ Department of Animal and plant Quarantine ဌာနမှ ပေးပို့လာသည့်စာတွင်  အောက်ဖော်ပြပါအချက်များ ဖော်ပြပါ ရှိပါသည်-

(က)    စိုက်ပျိုးရေးစားသောက်ကုန်များဖြစ်သည့် ကော်ဖီစေ့ (raw) ၊ ကိုကိုးစေ့ (cocoa beans) ၊ ဟင်းသီးဟင်းရွက်အစိမ်းများ၊ ဟင်းခတ်အမွှေးအကြိုင်များ၊ စားသုံးနိုင်သည့် အစေ့အဆံများ (Edible grain)၊ ပဲများ ၊ ဆီထွက်အပင်များ ၊ တရုတ်တိုင်းရင်းဆေး ထုတ်လုပ်သည့် တိရစ္ဆာန်(သို့မဟုတ်) အပင်မူရင်းများ၏ quarantine access ကို GACC အောက်ရှိ Department of Animal and plant Quarantine ဌာနမှ တာဝန်ယူဆောင် ရွက်မည်ဖြစ်ကြောင်း၊

( ခ )   အဆိုပါစိုက်ပျိုးရေးစားသောက်ကုန်ပစ္စည်းများ တင်သွင်းသည့် ထုတ်လုပ်သူများ အနေ ဖြင့် မှတ်ပုံတင်ခြင်းကို China Import Food Enterprise Registration System (CIFER) မှတစ်ဆင့် ဆောင်ရွက်ရန် မလိုအပ်တော့ကြောင်း၊

( ဂ )   အဆိုပါ ထုတ်လုပ်သူကုမ္ပဏီများ၏ မှတ်ပုံတင်ခြင်းဆိုင်ရာ အချက်အလက်များနှင့် Application Materials များအား Department of Animal and Plant Quarantine ဌာနသို့ စာ (သို့မဟုတ်) အီးမေးလ်၊ [email protected] သို့ တင်ပို့သည့် နိုင်ငံများ ၏ Competent Department အရာရှိများမှ ပေးပို့နိုင်ကြောင်း၊ ထို့အပြင် တရုတ်နိုင်ငံရှိ မြန်မာသံရုံးမှတစ်ဆင့် သော်လည်းကောင်း  (သို့မဟုတ်) ရန်ကုန်မြို့ရှိ တရုတ်သံရုံမှ တစ်ဆင့် သော်လည်းကောင်း ပေးပို့နိုင်ကြောင်း၊

(ဃ)    ယခင် China Import Food Enterprise Registration System ( CIFER) မှတစ်ဆင့် မှတ်ပုံတင်ခွင့်ပြုထားသော ထုတ်လုပ်သူလုပ်ငန်းကုမ္ပဏီများအနေဖြင့် ခွင့်ပြုချက် ဆက်လက်ရရှိပါကြောင်း၊ အဆိုပါ ခွင့်ပြုချက်ရရှိထားသည့် ကုမ္ပဏီများ၏ အချက် အလက်များကို တရုတ်နိုင်ငံ၊ GACC ၊ Department of Animal and Plant Quarantine ၏ Website ဖြစ်သည့် http://dzs.customs.gov.cn/ တွင် ရှာဖွေတွေ့ရှိနိုင်ပါကြောင်း၊

 

ရုံးလုပ်ငန်းအဖွဲ့

                                                              တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ အစားအသောက် တင်ပို့သည့်လုပ်ငန်းများ

မှတ်ပုံတင်မည့်ကိစ္စနှင့် ထောက်ခံချက်ပေးနိုင်ရေးအတွက်လုပ်ငန်းအဖွဲ့

Category: Announcements